PRUFlexiprotect CI က အပြင်းအထန်နာမကျန်းမှုအတွက် အကျိုးခံစားခွင့်ရရှိနိုင်မယ့် သီးသန့်အစီအစဉ်ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ အသက်အာမခံဝယ်ထားပြီးသားရှိရင်လည်း ပိုမိုပြည့်စုံစေမယ့် အာမခံအစီအစဉ်ဖြစ်ပါတယ်။ ကိုယ်နဲ့သင့်တော်တဲ့ အာမခံအမျိုးအစား၊ အာမခံသက်တမ်းနဲ့ အကာအကွယ်ပမာဏ စသဖြင့် ရွေးချယ်နိုင်မှာပါ။
အနည်းဆုံး အာမခံထားငွေ: အနည်းဆုံး မြန်မာငွေ (၃,၀၀၀,၀၀၀) ကျပ် ဖြင့် စတင်ဝယ်ယူနိုင်ပါသည်။
သက်တမ်းနှင့် အသက်အကန့်အသတ်:
အာမခံသက်တမ်းကို (၇) နှစ်၊ (၁၀) နှစ်၊ (၁၅) နှစ် သို့မဟုတ် (၂၀) နှစ် စသည်ဖြင့် မိမိနှစ်သက်ရာ ရွေးချယ်နိုင်ပါသည်။
အသက်အရွယ်အလိုက် ဝယ်ယူနိုင်သည့် အများဆုံးအသက်မှာ သက်တမ်းအမျိုးအစားအပေါ် မူတည်၍ အသက် (၅၀) မှ (၆၃) နှစ်အထိ အကျုံးဝင်ပြီး၊ သက်တမ်းကုန်ဆုံးသည့်အထိ (အများဆုံး အသက် ၇၀ နှစ်အထိ) အာမခံသက်တမ်းကို သက်တမ်းတိုး ဆောင်ရွက်နိုင်ပါသည်။
ပရီမီယံကြေး ပေးသွင်းပုံ: နှစ်စဉ်၊ တစ်နှစ် နှစ်ခါ (Semi-Annually)၊ သုံးလ တစ်ခါ (Quarterly) သို့မဟုတ် တစ်လ တစ်ခါ ပေးသွင်းနိုင်ပါသည်။
အာမခံကာလ | ၇ နှစ် | ၁၀ နှစ် | ၁၅ နှစ် | ၂၀ နှစ် |
ငွေပေးသွင်းနိုင်သည့် ကာလ | ၇ နှစ် | ၁၀ နှစ် | ၁၅ နှစ် | ၂၀ နှစ် |
အာမခံထားနိုင်သည့် အမြင့်ဆုံး အသက်အရွယ် သတ်မှတ်ချက်/သက်တမ်းတိုးနိုင်သည့် အသက်အရွယ် | ၆၃ နှစ် | ၆၀ နှစ် | ၅၅ နှစ် | ၅၀ နှစ် |
အာမခံထားနိုင်သည့် အမြင့်ဆုံး အသက်အရွယ် | ၇၀ နှစ် | ၇၀ နှစ် | ၇၀ နှစ် | ၇၀ နှစ် |
ပြင်းထန်ရောဂါများအတွက် ငွေကြေးဆိုင်ရာ အထောက်အပံ့: အာမခံထားရှိသူတွင် အဓိက ပြင်းထန်ရောဂါဝေဒနာ တစ်ရပ်ရပ် ခံစားလာရပါက သတ်မှတ်ထားသော အာမခံထားငွေ (Sum Assured) ကို ချက်ချင်းထုတ်ယူ၍ ဆေးကုသစရိတ် သို့မဟုတ် အခြားလိုအပ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။
ရောဂါအဆင့်အလိုက် အကျိုးခံစားခွင့် (၂၀) မျိုး အုံးဝင်ခြင်း: အစောပိုင်းအဆင့် (Early Stage) နှင့် နောက်ဆုံးအဆင့် (Late Stage) ပြင်းထန်ရောဂါ စုစုပေါင်း (၂၀) တို့အတွက် အကျုံးဝင် ကာကွယ်ပေးထားပါသည်။
အစောပိုင်းအဆင့် (Early Stage): ရောဂါအစောပိုင်းအဆင့်တွင် စစ်ဆေးတွေ့ရှိပါက အာမခံထားငွေ၏ (၂၅)% ကို ကြိုတင် ထုတ်ယူနိုင်ပါသည်။
နောက်ဆုံးအဆင့် (Late Stage): နောက်ဆုံးအဆင့်သို့ ရောက်ရှိပါက အာမခံထားငွေ၏ (၁၀၀)% (သို့မဟုတ်) အစောပိုင်းအဆင့် ထုတ်ယူထားပြီးဖြစ်ပါက ကျန်ရှိသော (၇၅)% ကို ဆက်လက် ထုတ်ယူနိုင်ပါသည်။
အကျုံးဝင်သော ရောဂါအချို့:
အစောပိုင်းအဆင့်: အစောပိုင်းအဆင့် ကင်ဆာ (Carcinoma in situ)၊ နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) တပ်ဆင်ခြင်း၊ သွေးကြောခွဲစိတ်မှုများနှင့် ကျောက်ကပ်၊ အဆုတ် တစ်ခြမ်းခွဲစိတ်ဖယ်ရှားခြင်း စသည်တို့ ပါဝင်ပါသည်။
နောက်ဆုံးအဆင့်: ကိုယ်အင်္ဂါအဓိကကင်ဆာရောဂါများ (Major Cancer)၊ ပြင်းထန်သော နှလုံးဖောက်ခြင်း (Heart Attack)၊ လေဖြတ်ခြင်း (Stroke) နှင့် အဓိက ကိုယ်အင်္ဂါ အစားထိုးခြင်း စသည်တို့ ပါဝင်ပါသည်
အစောပိုင်းအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း | နောက်ဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း |
ကင်ဆာအစောပိုင်းအဆင့် - ကင်ဆာဆဲလ်စတင်ပျံ့ပွားချိန်နှင့် သတ်မှတ်ထားသော ကိုယ်တွင်းအင်္ဂါများ၏ ကင်ဆာအစောပိုင်းအဆင့် | ပြင်းထန်သည့် ကင်ဆာရောဂါ |
Defibrillator သို့မဟုတ် နှလုံးခုန်စက် ထည့်ခြင်း | သတ်မှတ်ထားသော ပြင်းထန်သည့် နှလုံးဖောက်မှု |
| နှလုံးသွေးကြောပိတ်ခြင်း | နှလုံးသွေးကြော လမ်းကြောင်းလွှဲခြင်း |
| လည်ပင်းသွေးကြောခွဲစိတ်မှု | အာရုံကြော ထာ၀စဥ်ထိခိုက်ပြီး လေဖြတ်ခြင်း |
| ဦးနှောက်သွေးကြောပေါက်၍ခွဲစိတ်ခြင်း | အသည်း လုံးဝ ပျက်စီးခြင်း |
| အသည်းအစိတ်အပိုင်းကို ဖယ်ရှားခွဲစိတ်ခြင်း | အဆုတ် လုံးဝ ပျက်စီးသည့် ရောဂါ |
| အဆုတ်တစ်ခြမ်း ဖယ်ရှားခွဲစိတ်ခြင်း | ကျောက်ကပ် ပျက်စီးခြင်း |
| ကျောက်ကပ်တစ်ခြမ်းဖယ်ရှားခွဲစိတ်ခြင်း | သွေးလွှတ်ကြောကို ရင်ဘတ်ဖွင့်ခွဲစိတ်ခြင်း |
| သွေးလွှတ်ကြော အသေးစားခွဲစိတ်ခြင်း | ရင်ခေါင်းဖွင့်၍ ပင်မသွေးလွှတ်ကြော ခွဲစိတ်ခြင်း |
| အူသိမ်အူမ အစားထိုးခွဲစိတ်ခြင်း | အဓိက အင်္ဂါများ အစားထိုး ကုသခြင်း |
ယခုအာမခံအကာအကွယ်အတွက် ပရီမီယံကြေးများပေးဆောင်ရာတွင် အခွန်ငွေသက်သာခွင့် ရရှိနိုင်မည်ဖြစ်သည်။ နှစ်စဉ်ဝင်ငွေခွန်ကို လျှော့ချပေးနိုင်ပြီး သင့်ပေးဆောင်ရမည့် ပရီမီယံကြေးပမာဏကိုလည်း သက်သာစေနိုင်မည်ဖြစ်သည်။ ပရူဒန်ရှယ်အာမခံ၏ PRUTax Calculator သည် သင်ရယူနိုင်မည့် ဝင်ငွေခွန်နှုတ်ယူမှုပမာဏ၏ ခန့်မှန်းခြေကို တွက်ချက်ပေးသွားမည်ဖြစ်သည်။ နှစ်စဉ်ဝင်ငွေခွန်နှုတ်ယူခြင်းဖြင့် အာမခံပရီမီယံကြေး ပေးသွင်းခြင်းကို လျှောက်ထားနိုင်ရန်အတွက် ကျွန်တော်နှင့်တိုင်ပင်ဆွေးနွေးလိုက်ပါ












