ကင်ဆာရောဂါ တစ်ခုတည်းကိုသာ သီးသန့် အာမခံထားရှိလိုသူများအတွက် သက်သာသော အာမခံကြေးဖြင့် ထိရောက်သော အကာအကွယ်ပေးသည့် အာမခံအမျိုးအစား ဖြစ်ပါသည်။ ကင်ဆာရောဂါ ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသစရိတ်၊ အထူးကုသမှုများနှင့် ဆေးဝါးများအတွက် ငွေလုံးငွေရင်း (Lump-sum payout) အဖြစ် အပြည့်အဝ ထုတ်ပေးပါသည်။
- အကာအကွယ်ပေးသည့် သက်တမ်း: အခြေခံပေါ်လစီပြီးဆုံးသည့်ရက် (သို့မဟုတ်) အသက် ၆၅ နှစ်အထိ အကာအကွယ် ရရှိနိုင်ပါသည်။
- ကျန်းမာရေး စိစစ်မှု: လျှောက်ထားသူ၏ မိသားစုနှင့် ကိုယ်ပိုင် ကင်ဆာရောဂါ ရာဇဝင် (Oncology History) ကို အဓိက စိစစ်လေ့ရှိပါသည်။
ငွေလုံးငွေရင်း အပြည့်အဝ ထုတ်ပေးခြင်း: သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကင်ဆာရောဂါ အဆင့်ဖြစ်ပွားကြောင်း တွေ့ရှိပါက အာမခံထားရှိသော ပမာဏ (Sum Assured) ၏ ၁၀၀% ကို တစ်ကြိမ်တည်း လျှော့ချစရာမလိုဘေး အပြည့်အဝ ထုတ်ပေးပါသည်။
သင့်တော်သော အာမခံထားငွေ ပမာဏ: အာမခံထားငွေကို ကျပ် သိန်း ၁၀၀ (MMK 10 Million) မှစတင်၍ မိမိ လိုအပ်ချက်နှင့် ဘတ်ဂျက်အပေါ်မူတည်ကာ ရွေးချယ် အာမခံထားရှိနိုင်ပါသည်။
သက်သာသော အာမခံကြေး: ကင်ဆာရောဂါ တစ်ခုတည်းကိုသာ သီးသန့် အဓိကထား အကာအကွယ်ပေးထားခြင်းဖြစ်၍ ပုံမှန် ပြင်းထန်ရောဂါ အာမခံများထက် အာမခံကြေး ပိုမို သက်သာပါသည်။
၂၄ နာရီ ကမ္ဘာတစ်ဝန်း အကာအကွယ်: မည်သည့် နိုင်ငံ/ဆေးရုံတွင် ကုသမှုခံယူသည်ဖြစ်စေ ကမ္ဘာတစ်ဝန်း ၂၄ နာရီပတ်လုံး အကာအကွယ် ရရှိမည် ဖြစ်ပါသည်။
- ကင်ဆာမဖြစ်ခင် အကျိတ်၊ ပျံ့နှံ့ခြင်းမရှိသေးသော ကင်ဆာ၊ ဖြစ်နိုင်ရန် မသေချာသော ကင်ဆာ သို့မဟုတ် ကင်ဆာကျိတ်ဖြစ်ရန် အလားလာနည်းသော ကင်ဆာများ။
- T1N0M0 (TNM classification) အဆင့်ရှိ ဆီးကျိတ်၊ သိုင်းရွုက်နှင့် ဆီးအိမ်ရှိ ကင်ဆာကျိတ်များ။
- RAI အဆင့် ၃ အောက်ရှိ နာတာရှည် သွေးကင်ဆာများ။
- အိတ်ချ်အိုင်ဗွီရောဂါရှိနေချိန်တွင်ဖြစ်သည့် ကင်ဆာများ။
- Breslow အထူ (၁.၅)မီလီမီတာအောက်နည်းသော သို့မဟုတ် Clark (၃) အဆင့်ထက်နည်းသော အန္တရာယ်ပေးနိုင်သည့် melanoma အပါအဝင် မည်သည့် အရေပြားကင်ဆာမ
- ကင်ဆာဟုဆိုရာတွင် သတ်မှတ်ထားသော အဆင့်များသာပါဝင်ပြီး ကင်ဆာအစောပိုင်းအဆင့်များအတွက် အကာအကွယ် ရနိုင်မည် မဟုတ်ပါ။
- မည်သည့် ပျံ့နှံ့တတ်သည့် ကင်ဆာအကျိတ် မဆို အဏုဇီဝမှန်ပြောင်းနှင့် ကြည့်ရှုပြီးနောက် ဝိသေဿ လက္ခဏာများအရ ကင်ဆာဆဲလ်များ ထိန်းချုပ်မရအောင် ကြီးထွားနေပြီး နှင့် အခြားတစ်သျှူးများကို ထိုးဖောက်ဝင်ရောက်နေကြောင်း အတည်ပြုထားသော အန္တရာယ်ပေးနိုင်သည့် အကျိတ်တစ်ခုခု။ ပျံ့နှံ့တတ်သည့် ကင်ဆာအကျိတ်တွင် သွေးကင်ဆာ (Leukemia)၊ လင်ဖိုးမား (Lymphoma)နှင့် ဆာကိုးမား (Sarcoma) တို့ပါဝင်ပါသည်။
၁။ အာမခံ လျှောက်ထားပုံ စည်းကမ်းချက်များ (Application Requirements)
အသက်သတ်မှတ်ချက်: အသက် ၁၈ နှစ်မှ ၆၅ နှစ် အထိ လျှောက်ထားနိုင်ပါသည်။
အာမခံထားငွေ ပမာဏ: အနည်းဆုံး ကျပ် သိန်း ၁၀၀ (MMK 10 Million) မှစတင်၍ မိမိလိုအပ်ချက်အတိုင်း ရွေးချယ်နိုင်ပါသည်။
ကျန်းမာရေးဆိုင်ရာ မေးခွန်းလွှာ (Health Declaration): ရှုပ်ထွေးသော ဆေးစစ်ချက်များ ပြုလုပ်ရန်မလိုဘဲ မိမိ၏ ကိုယ်ပိုင်နှင့် မိသားစု ကင်ဆာရောဂါ ရာဇဝင်ဆိုင်ရာ မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရပါမည်။
စောင့်ဆိုင်းကာလ (Waiting Period): အာမခံစတင် အသက်ဝင်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စတင်ဖြစ်ပွားသော ကင်ဆာရောဂါများကို လျော်ကြေးထုတ်ပေးမည် မဟုတ်ပါ။
၂။ လျော်ကြေးတောင်းခံမှု လုပ်ငန်းစဉ် (Claim Process & Requirements)
ကင်ဆာရောဂါ စစ်ဆေးတွေ့ရှိပါက အောက်ပါအတိုင်း လျော်ကြေးတောင်းခံနိုင်ပါသည်-
လိုအပ်သော စာရွက်စာတမ်းများ
လျော်ကြေးတောင်းခံလွှာ (Claim Form): AIA မှ သတ်မှတ်ထားသော ပုံစံ။
ဆရာဝန်၏ ဆေးစစ်ချက် မှတ်တမ်း (Medical Certificate): ကုသပေးသည့် အထူးကုဆရာဝန်ကြီး ဖြည့်စွက်လက်မှတ်ထိုးထားသော ဆေးမှတ်တမ်း။
ဓာတ်ခွဲခန်း တရားဝင် စစ်ဆေးချက် (Biopsy / Histopathology Report): ရောဂါဆဲလ် အတည်ပြုချက် (Biopsy Report) နှင့် ဆိုင်ရာ ဓာတ်မှန်/စကင်န် မှတ်တမ်းများ (CT, MRI, PET Scan စသည်)။
ကိုယ်ရေးအချက်အလက် စာရွက်စာတမ်းများ: အာမခံထားသူ၏ မှတ်ပုံတင်နှင့် အာမခံပေါ်လစီ စာချုပ်မိတ္တူ။
လျော်ကြေးတောင်းခံမှု အဆင့်ဆင့်
အကြောင်းကြားခြင်း (Notification): ရောဂါစစ်ဆေးတွေ့ရှိသည်နှင့် AIA Myanmar ၏ Claim Department ထံသို့ (သို့မဟုတ်) တာဝန်ခံ အာမခံကိုယ်စားလှယ်ထံ သို့ အမြန်ဆုံး အကြောင်းကြားပါ။
စာရွက်စာတမ်း တင်ပြခြင်း (Document Submission): လိုအပ်သော ဆေးမှတ်တမ်းများနှင့် စာရွက်စာတမ်း အပြည့်အစုံကို AIA ထံသို့ ပေးပို့တင်ပြပါ။
စိစစ်ခြင်းနှင့် လျော်ကြေးထုတ်ပေးခြင်း (Assessment & Payout): တင်ပြထားသော ဆေးစစ်ချက်များ ပေါ်လစီ စည်းကမ်းချက်များနှင့် ကိုက်ညီပါက အာမခံထားငွေ (Sum Assured) ၏ ၁၀၀% ကို မိမိ၏ ဘဏ်အကောင့်ထဲသို့ ငွေလုံးငွေရင်း တိုက်ရိုက် လွှဲပြောင်းထုတ်ပေးမည် ဖြစ်ပါသည်။





