Skip to Content


AIA Critical Illness Care

ပြင်းထန်ဆိုးရွားသော ရောဂါများ စောင့်ရှောက်မှု အာမခံ


သတ်မှတ်ထားသော ပြင်းထန်ရောဂါတစ်မျိုးမျိုး ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိပါက လိုအပ်သော ဆေးကုသစရိတ်နှင့် လူနေမှုစရိတ်များအတွက် အကျိုးခံစားခွင့် ငွေလုံးငွေရင်း (Lump-sum payout) ကို တစ်ကြိမ်တည်း သီးသန့်ထုတ်ပေးသည့် အာမခံအမျိုးအစား ဖြစ်ပါသည်

  • ထားရှိနိုင်သည့် အသက်အာမိုင်း: အသက် ၃၀ ရက် သားသမီးမှ အသက် ၆၅ နှစ် အထိ ဝယ်ယူနိုင်ပါသည်။

  • အကာအကွယ်ပေးသည့် သက်တမ်း: အသက် ၇၀ နှစ် အထိ အကာအကွယ် ရရှိနိုင်ပါသည်။ (Rider အဖြစ်ထားရှိပါက ပင်မအာမခံသက်တမ်းအတိုင်း ဖြစ်ပါသည်)

  • ၂၄ နာရီ ကမ္ဘာတစ်ဝန်း အကာအကွယ်: မည်သည့်နေရာတွင်မဆို ရောဂါဖြစ်ပွားမှုအတွက် အကာအကွယ် ရရှိမည် ဖြစ်ပါသည်။

ကြိုတင်ထုတ်ယူနိုင်သော ကနဦး ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့် 

အာမခံထားငွေ၏ အများဆုံး ၂၅%

(နှလုံးသွေးကြောချဲ့သည့် ကိစ္စရပ်တွင် အများဆုံး ၁၀% ပေးပါမည်။)

အကြီးစား ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့် 

အာမခံထားငွေ၏ ၁၀၀%

(ကနဦးအကျိုးခံစားခွင့်များ ပေးလျော်မှုကို နုတ်ယူပြီးနောက်)

ပေါ်လစီအသက်ဝင်နေသည့်ကာလအတွင်း အသက်အာမခံထားသူသည် အကာအကွယ်ပေးထားသော ပြင်းထန်သောရောဂါ ခံစားနေရကြောင်း အတည်ပြုခံရပါက (သို့မဟုတ်) ခွဲစိတ်ကုသမှုကို အမှန်တကယ် ခံယူခဲ့ရပါက အကျိုးခံစားခွင့်ကို ပေးအပ်သွားပါမည်။

အာမခံ အကာအကွယ်နှင့် အကျုံးမဝင်သည့် ကိစ္စရပ်များ၏ အသေးစိတ်အား ပေါ်လစီစာချုပ်တွင် ဖော်ပြထားပါသည်။


အဓိက အကျိုးခံစားခွင့်များ


ပြင်းထန်ရောဂါ (၃၉) မျိုးအတွက် ပြီးပြည့်စုံသောအကာအကွယ်

ကနဦးအဆင့် ပြင်းထန်ရောဂါ ၁၂ မျိုးနှင့် အကြီးစားအဆင့် ပြင်းထန်ရောဂါ ၂၇ မျိုး-စုစုပေါင်း ၃၉ မျိုးကို တွဲဖက်အကာအကွယ် သို့မဟုတ် သီးသန့်အကာအကွယ် အနေဖြင့် အာမခံထားရှိနိုင်ပါသည်။

တန်ဖိုးသင့်သော ပြင်းထန်ရောဂါအကာအကွယ်

မိမိတို့၏ အသက်အရွယ်ကိုမူတည်၍ တန်ဖိုးသင့်သော ပရီမီယံကြေးအနည်းငယ်ဖြင့် ပြင်းထန်ရောဂါအကာအကွယ်ကို ရရှိနိုင်ပါသည်။

စိတ်ကြိုက်ဝယ်ယူနိုင်သော ပြင်းထန်ရောဂါအကာအကွယ်

မိမိတို့၏ လိုအပ်ချက် အပေါ်မူတည်၍ အာမခံထားငွေ သိန်း ၁၀၀ကျပ်မှ စတင်ထားရှိနိုင်သောကြောင့် များပြားလွန်းသော ပြင်းထန်ရောဂါကုသမှု ကုန်ကျစရိတ်များကို စိတ်ပူရန်မလိုတော့ပါ။

ကမ္ဘာတစ်ဝှမ်းအကာအကွယ် ရရှိနိုင်ခြင်း

AIA Critical Illness Care ၏ ကမ္ဘာတစ်ဝှမ်း 24/7 ဝန်‌ဆောင်မှုကြောင့် ကမ္ဘာ့မည်သည့်နေရာတွင်မဆို ပြင်းထန်ရောဂါအကာအကွယ်အား ရရှိနိုင်ပါသည်။

အထူးကျန်းမာရေး ဝန်ဆောင်မှုများ

AIA Myanmar ၏ တွဲဖက်ပါတနာများက ထပ်ဆောင်းပေးထားသော အကျိုးခံစားခွင့်များဖြင့် သင့်ကျန်းမာရေးနှင့် ပြင်းထန်ရောဂါ ကုသမှုများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါသည်။


မည်ကဲ့သို့သော ပြင်းထန်ရောဂါများအကာအကွယ်ရနိုင်သလဲ ? 


ကနဦး ပြင်းထန်သောရောဂါများအကြီးစား ပြင်းထန်သောရောဂါများ
ကင်ဆာ
  • အခြားနေရာများသို့ ပျံ့နှံ့သွားခြင်း မရှိသေးသည့်ကင်ဆာ
  • အကြီးစား ကင်ဆာ
နှလုံး
  • နှလုံးခုန်နှုန်းထိန်းစက် သို့မဟုတ် နှလုံးနှိုးစက် ထည့်သွင်းခြင်း
  • နှလုံးသွေးကြောချဲ့ခြင်း
  • ပြင်းထန်မှုကို သတ်မှတ်ထားသည့် - နှလုံးရပ်ခြင်း
  • ပြင်းထန်သော နှလုံးကြွက်သားရောဂါ
  • နှလုံးအတွင်း နံရံရောင်ခြင်း
  • လမ်းကြောင်းလွှဲ၍ နှလုံးခွဲစိတ်ကုသခြင်း
  • နှလုံးအဆို့ရှင် အစားထိုးခြင်း သို့မဟုတ် ပြုပြင်ခြင်း
သွေးကြော
  • ရင်ခေါင်း သို့မဟုတ် ဝမ်းဗိုက်ရှိ နှလုံးသွေးလွှတ်ကြောမကြီးအား ထိုးဖောက်မှု အနည်းဆုံးဖြင့် ခွဲစိတ်ကုသခြင်း
  • လည်ပင်းသွေးလွှတ်ကြော ခွဲစိတ်ကုသခြင်း
  • ရင်ခေါင်း သို့မဟုတ် ဝမ်းဗိုက်နှလုံးသွေးလွှတ်ကြောမကြီး ခွဲစိတ်ကုသခြင်း
ဦးနှောက်
  • ဦးနှောက်အတွင်းပိုက်ထည့်ခြင်း
  • သွေးကြောတွင်းကုသခြင်း နည်းလမ်းများမှတစ်ဆင့် ဦးနှောက်သွေးကြောဖောင်းမှုကို ခွဲစိတ်ကုသခြင်း
  • ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့် မပြင်းထန်သော ဦးနှောက်ရောင်ရောဂါ
  • သက်သာပျောက်ကင်းခြင်း မရှိသော ရောဂါလက္ခဏာများဖြင့် ထာဝစဥ်အာရုံကြောချို့ယွင်းစေသည့် - လေဖြတ်ခြင်း
  • ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း
  • ပြင်းထန်သော ဦးနှောက်ရောင်ရောဂါ
  • ကင်ဆာမဟုတ်သော ဦးနှောက်အကျိတ်
  • ဦးနှောက် ခွဲစိတ်ကုသခြင်း
အဆုတ်
  • အဆုတ်အား ခွဲစိတ်ဖယ်ရှားခြင်း
  • အဆုတ်ပျက်စီးခြင်း နောက်ပိုင်းအဆင့်
  • အဆုတ်သွေးလွှတ်ကြော သွေးတိုးရောဂါ
အသည်း
  • အသည်း၏ တစ်စိတ်တစ်ပိုင်းအား ခွဲစိတ်ဖယ်ရှားခြင်း
  • အသည်းပျက်စီးခြင်း နောက်ပိုင်းအဆင့်
  • ပြင်းထန်အသည်းရောင်ရောဂါ
ကျောက်ကပ်
  • ကျောက်ကပ်အား ခွဲစိတ်ဖယ်ရှားခြင်း
  • ကျောက်ကပ်ပျက်စီးခြင်းနောက်ပိုင်း
    အဆင့်
  • မျိုးရိုးကြောင့်ဖြစ်သော ကျောက်ကပ်အရည်အိတ်တည်ရောဂါ
  • အရေပြားလေးဖက်နာရောဂါနှင့် ကျောက်ကပ်ရောင်ခြင်း
အစားထိုးကုသမှု
  • အူသိမ်အစားထိုးကုသခြင်း
  • အရေးကြီးသော ကိုယ်တွင်းအင်္ဂါ/ ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း
အခြား


  • ပြင်းထန်စွာ မီးလောင်ခြင်း
  • သတိမေ့ခြင်း
  • ခွေးရူးပြန်ရောဂါ
  • ခန္ဓာကိုယ်အနှံ့ဖြစ်သော မေးခိုင်ရောဂါ
  • နာတာရှည် နဗ်ကြောဖွဲ့ရောဂါ
  • ပိုလီယို အကြောသေရောဂါ
  • ရိုးတွင်းခြင်ဆီ ပျက်စီးခြင်းကြောင့်ဖြစ်သော နာတာရှည်သွေးအားနည်းရောဂါ





တစ်ခြားသော အာမခံဝန်ဆောင်မှု့များ

အခုပဲဆက်သွယ်လိုက်ပါခင်ဗျာ

သင်နဲ့သင့်ရဲ့မိသားစု လုံခြုံအေးချမ်းစေဖို့ ကျွန်တော်ကူညီပါရစေ

Describe your field here.