AIA Beyond Critical Illness သည် အထူးပြင်းထန် ရောဂါများ (ဥပမာ - ကင်ဆာ၊ နှလုံးရောဂါ၊ ဦးနှောက်သွေးကြောကျဉ်း/ပေါက်ခြင်း စသည်) အတွက် ဆေးဝါးကုသစရိတ် ကာကွယ်မှု ပေးသည့်အပြင်၊ ငွေစုဆောင်းမှု (Savings) ပါ ပူးတွဲပါဝင်သော အာမခံနှင့် ငွေစုစက်ဝန်း ပေါင်းစည်းထားသည့် အစီအစဉ် ဖြစ်ပါသည်။
| အကြောင်းအရာ | သတ်မှတ်ချက် |
| အာမခံ အမျိုးအစား | ပြင်းထန်ရောဂါ ကာကွယ်မှု + ငွေစုအသက်အာမခံ (Savings & Protection) |
| ထားရှိနိုင်သည့် အသက် | အသက် ၁၆ နှစ် မှ ၆၀ နှစ်အထိ |
| အာမခံ သက်တမ်း | ၁၀ နှစ် (10 Years) |
| ကာကွယ်ပေးသည့် ရောဂါများ | ပြင်းထန်ရောဂါ အမျိုးအစား (၂၇) မျိုး |
ပြင်းထန်ရောဂါ ခစားခွင့် (Critical Illness Benefit):
စာချုပ်သက်တမ်း ပထမ (၅) နှစ်အတွင်း ရောဂါဖြစ်ပွားပါက အာမခံထားရှိသည့် ပမာဏ၏ 100% လျှော်ကြေးရရှိမည်။
စာချုပ်သက်တမ်း (၆) နှစ်မြောက်မှစ၍ ရောဂါဖြစ်ပွားပါက အာမခံထားရှိသည့် ပမာဏ၏ 200% (နှစ်ဆ) ထိ ရရှိမည် ဖြစ်ပါသည်။
(၆) နှစ်မြောက် ပေါ်လစီနှစ်မှစ၍ ပြင်းထန်ရောဂါ လျှော်ကြေးမတောင်းခံထားပါက လစဉ်/နှစ်စဉ် ပေးသွင်းသည့် ပုံမှန် ပရီမီယံကြေး၏ 10% ကို နှစ်စဉ် Cash Bonus အဖြစ် ပြန်လည်ထုတ်ယူနိုင်ပါသည်။
အာမခံသက်တမ်း (၁၀) နှစ် ပြည့်မြောက်ချိန်အထိ အာမခံ လျှော်ကြေးတောင်းခံထားခြင်း မရှိပါက ပေးသွင်းခဲ့သော အာမခံကြေး စုစုပေါင်း၏ 100% ကို သက်တမ်းစေ့ငွေအဖြစ် ပြန်လည် ထုတ်ယူနိုင်ပါသည်။
အာမခံထားသူ ကွယ်လွန်ပါက ကျန်ရစ်သူမိသားစုအတွက် သတ်မှတ်ထားသည့် နာရေးကူညီမှု လျှော်ကြေးငွေ ပေးအပ်မည် ဖြစ်ပါသည်။
နှစ်စဉ် အပိုဆုကြေးရရှိခြင်း (Cash Bonus Benefit):
စာချုပ်သက်တမ်းစေ့ ခစားခွင့် (Maturity Benefit):
နာရေးကူညီမှု အကျိုးခံစားခွင့် (Compassionate Benefit):
1. Cancer & Tumours (ကင်ဆာနှင့် အကျိတ်)
Major Cancer (ပြင်းထန် ကင်ဆာရောဂါ)
Benign Brain Tumour (ဦးနှောက်တွင်း စိုးရိမ်စရာမရှိသော အကျိတ်ဖြစ်ခြင်း)
Heart Attack - of specified severity (ပြင်းထန် နှလုံးဖောက်ခြင်း)
Coronary Artery By-Pass Surgery (နှလုံးသွေးကြော အစားထိုး ခွဲစိတ်ကုသခြင်း)
Heart Valve Replacement or Repair (နှလုံးအဆို့ရှင် အစားထိုးခြင်း သို့မဟုတ် ပြင်ဆင် ခွဲစိတ်ခြင်း)
Severe Cardiomyopathy (ပြင်းထန် နှလုံးကြွက်သား ရောဂါ)
Infective Endocarditis (ပိုးဝင်ခြင်းကြောင့်ဖြစ်သော နှလုံးအတွင်းမြှေး ရောင်ရမ်းခြင်း)
Thoracic or Abdominal Aorta Surgery (ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်ပိုင်းရှိ ပင်မသွေးလွှတ်ကြောကြီး ခွဲစိတ်ကုသခြင်း)
Primary Pulmonary Hypertension (အဆုတ် သွေးလွှတ်ကြော သွေးတိုးရောဂါ)
Stroke - resulting in permanent neurological deficit with persisting clinical symptoms (လေဖြတ်ခြင်း)
Brain Surgery (ဦးနှောက် ခွဲစိတ်ကုသခြင်း)
Bacterial Meningitis (ဗက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်မြှေးရောင် ရောဂါ)
Severe Encephalitis (ပြင်းထန် ဦးနှောက်ရောင် ရောဂါ)
Multiple Sclerosis (ပင်မ အာရုံကြောစနစ် ယိုယွင်းသည့် ရောဂါ)
Poliomyelitis (ပိုလီယို ပိုလီယိုကြွက်သားသေ ရောဂါ)
Coma (မေ့မြောခြင်း / စတိမရဘဲ သတိလစ်ခြင်း)
Late-Stage Kidney Failure (ကျောက်ကပ် ပျက်စီးခြင်း နောက်ဆုံးအဆင့်)
Late-Stage Liver Failure (အသည်း ပျက်စီးခြင်း နောက်ဆုံးအဆင့်)
Fulminant Hepatitis (ရုတ်တရက် ပြင်းထန် အသည်းရောင် ရောဂါ)
Late-Stage Lung Failure (အဆုတ် ပျက်စီးခြင်း နောက်ဆုံးအဆင့်)
Major Organ / Bone Marrow Transplantation (အဓိက ကိုယ်အင်္ဂါ သို့မဟုတ် ရိုးတွင်းခြင်ဆီ အစားထိုး ခွဲစိတ်ခြင်း)
Medullary Cystic Disease (ကျောက်ကပ်တွင်း အိတ်တည်သည့် မျိုးရိုးလိုက် ရောဂါ)
Chronic Aplastic Anaemia (နာတာရှည် သွေးအားနည်းရောဂါ / ရိုးတွင်းခြင်ဆီ ပျက်စီးခြင်း)
Systemic Lupus Erythematosus (SLE) with Lupus Nephritis (SLE ခုခံအားလွန်ကဲ ရောဂါကြောင့် ကျောက်ကပ် ရောင်ရမ်းခြင်း)
- Severe Burn (ပြင်းထန် မီးလောင်ဒဏ်ရာ ရရှိခြင်း)
- Rabies (ခွေးရူးရောဂါ)
- Generalized Tetanus (မေးခိုင်ရောဂါ)