သတ်မှတ်ထားသော ပြင်းထန်ရောဂါတစ်မျိုးမျိုး ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိပါက လိုအပ်သော ဆေးကုသစရိတ်နှင့် လူနေမှုစရိတ်များအတွက် အကျိုးခံစားခွင့် ငွေလုံးငွေရင်း (Lump-sum payout) ကို တစ်ကြိမ်တည်း သီးသန့်ထုတ်ပေးသည့် အာမခံအမျိုးအစား ဖြစ်ပါသည်
ထားရှိနိုင်သည့် အသက်အာမိုင်း: အသက် ၃၀ ရက် သားသမီးမှ အသက် ၆၅ နှစ် အထိ ဝယ်ယူနိုင်ပါသည်။
အကာအကွယ်ပေးသည့် သက်တမ်း: အသက် ၇၀ နှစ် အထိ အကာအကွယ် ရရှိနိုင်ပါသည်။ (Rider အဖြစ်ထားရှိပါက ပင်မအာမခံသက်တမ်းအတိုင်း ဖြစ်ပါသည်)
၂၄ နာရီ ကမ္ဘာတစ်ဝန်း အကာအကွယ်: မည်သည့်နေရာတွင်မဆို ရောဂါဖြစ်ပွားမှုအတွက် အကာအကွယ် ရရှိမည် ဖြစ်ပါသည်။
ကြိုတင်ထုတ်ယူနိုင်သော ကနဦး ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်
အာမခံထားငွေ၏ အများဆုံး ၂၅%
(နှလုံးသွေးကြောချဲ့သည့် ကိစ္စရပ်တွင် အများဆုံး ၁၀% ပေးပါမည်။)
အကြီးစား ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်
အာမခံထားငွေ၏ ၁၀၀%
(ကနဦးအကျိုးခံစားခွင့်များ ပေးလျော်မှုကို နုတ်ယူပြီးနောက်)
ပေါ်လစီအသက်ဝင်နေသည့်ကာလအတွင်း အသက်အာမခံထားသူသည် အကာအကွယ်ပေးထားသော ပြင်းထန်သောရောဂါ ခံစားနေရကြောင်း အတည်ပြုခံရပါက (သို့မဟုတ်) ခွဲစိတ်ကုသမှုကို အမှန်တကယ် ခံယူခဲ့ရပါက အကျိုးခံစားခွင့်ကို ပေးအပ်သွားပါမည်။
အာမခံ အကာအကွယ်နှင့် အကျုံးမဝင်သည့် ကိစ္စရပ်များ၏ အသေးစိတ်အား ပေါ်လစီစာချုပ်တွင် ဖော်ပြထားပါသည်။
အဓိက အကျိုးခံစားခွင့်များ
ပြင်းထန်ရောဂါ (၃၉) မျိုးအတွက် ပြီးပြည့်စုံသောအကာအကွယ်
ကနဦးအဆင့် ပြင်းထန်ရောဂါ ၁၂ မျိုးနှင့် အကြီးစားအဆင့် ပြင်းထန်ရောဂါ ၂၇ မျိုး-စုစုပေါင်း ၃၉ မျိုးကို တွဲဖက်အကာအကွယ် သို့မဟုတ် သီးသန့်အကာအကွယ် အနေဖြင့် အာမခံထားရှိနိုင်ပါသည်။
တန်ဖိုးသင့်သော ပြင်းထန်ရောဂါအကာအကွယ်
မိမိတို့၏ အသက်အရွယ်ကိုမူတည်၍ တန်ဖိုးသင့်သော ပရီမီယံကြေးအနည်းငယ်ဖြင့် ပြင်းထန်ရောဂါအကာအကွယ်ကို ရရှိနိုင်ပါသည်။
စိတ်ကြိုက်ဝယ်ယူနိုင်သော ပြင်းထန်ရောဂါအကာအကွယ်
မိမိတို့၏ လိုအပ်ချက် အပေါ်မူတည်၍ အာမခံထားငွေ သိန်း ၁၀၀ကျပ်မှ စတင်ထားရှိနိုင်သောကြောင့် များပြားလွန်းသော ပြင်းထန်ရောဂါကုသမှု ကုန်ကျစရိတ်များကို စိတ်ပူရန်မလိုတော့ပါ။
ကမ္ဘာတစ်ဝှမ်းအကာအကွယ် ရရှိနိုင်ခြင်း
AIA Critical Illness Care ၏ ကမ္ဘာတစ်ဝှမ်း 24/7 ဝန်ဆောင်မှုကြောင့် ကမ္ဘာ့မည်သည့်နေရာတွင်မဆို ပြင်းထန်ရောဂါအကာအကွယ်အား ရရှိနိုင်ပါသည်။
အထူးကျန်းမာရေး ဝန်ဆောင်မှုများ
AIA Myanmar ၏ တွဲဖက်ပါတနာများက ထပ်ဆောင်းပေးထားသော အကျိုးခံစားခွင့်များဖြင့် သင့်ကျန်းမာရေးနှင့် ပြင်းထန်ရောဂါ ကုသမှုများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါသည်။
မည်ကဲ့သို့သော ပြင်းထန်ရောဂါများအကာအကွယ်ရနိုင်သလဲ ?
| ကနဦး ပြင်းထန်သောရောဂါများ | အကြီးစား ပြင်းထန်သောရောဂါများ | |
|---|---|---|
| ကင်ဆာ |
|
|
| နှလုံး |
|
|
| သွေးကြော |
|
|
| ဦးနှောက် |
|
|
| အဆုတ် |
|
|
| အသည်း |
|
|
| ကျောက်ကပ် |
|
|
| အစားထိုးကုသမှု |
|
|
| အခြား |
|








