AIA Youth Smart Protection Plan သည် အသက် (၂၀) မှ (၃၅) နှစ်ကြား လူငယ်များနှင့် လုပ်ငန်းခွင်ဝင်စ လူငယ်များအတွက် အထူးရည်ရွယ်၍ စီစဉ်ပေးထားသော အလုံးစုံပါဝင်သည့် (All-in-one) အာမခံအမျိုးအစား ဖြစ်ပါသည်။ သက်သာသော အာမခံကြေးဖြင့် အသက်အာမခံနှင့် ပြင်းထန်ရောဂါ အကာအကွယ်များကို တစ်ပါတည်း ရရှိနိုင်အောင် ပေါင်းစပ်ထားပါသည်။
ထားရှိနိုင်သည့် အသက်အာမိုင်း: အသက် ၂၀ မှ ၃၅ နှစ် အတွင်းရှိသော လူငယ်များ ဝယ်ယူနိုင်ပါသည်။
အကာအကွယ်ပေးသည့် သက်တမ်း: အသက် ၇၀ နှစ် အထိ အကာအကွယ် ပေးအပ်ပါသည်။
အာမခံပုံစံ: အသက်အာမခံ (သေဆုံးမှုနှင့် လုံးဝမသန်စွမ်းဖြစ်မှု) နှင့် ပြင်းထန်ရောဂါ အကာအကွယ်များကို အစီအစဉ်တစ်ခုတည်းတွင် ပေါင်းစည်းထားပါသည်။
ကျန်းမာရေးစစ်ဆေးမှု: ရှုပ်ထွေးသော ဆေးစစ်ချက်များ ပြုလုပ်ရန်မလိုဘေး ရိုးရှင်းသော ကျန်းမာရေး မေးခွန်းလွှာ (Simplified Health Declaration) ဖြည့်စွက်ရုံဖြင့် လျှောက်ထားနိုင်ပါသည်။
ကြေးပေးသွင်းမှု: အာမခံကြေးကို ၆ လတစ်ကြိမ် သို့မဟုတ် ၁ နှစ်တစ်ကြိမ် မိမိအဆင်ပြေ သလို ခွဲခြားပေးသွင်းနိုင်ပါသည်။
၂၄ နာရီ ကမ္ဘာတစ်ဝန်း အကာအကွယ်: မည်သည့်နေရာတွင်မဆို ၂၄ နာရီပတ်လုံး အကာအကွယ် ရရှိမည် ဖြစ်ပါသည်။
- သေဆုံးမှု အကျိုးခံစားခွင့် (Death Benefit): ကွယ်လွန်သွားပါက သတ်မှတ်ထားသော အာမခံထားငွေ (Sum Assured) ၏ ၁၀၀% ကို လွှဲပြောင်းခံရသူ (Beneficiary) ထံ ထုတ်ပေးပါသည်။
- လုံးဝမသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် (Total Permanent Disability): မတော်တဆမှု သို့မဟုတ် ရောဂါကြောင့် လုံးဝ မသန်စွမ်းဖြစ်သွားပါက ဆေးကုသစရိတ်နှင့် လူနေမှုစရိတ်များအတွက် အာမခံထားငွေ၏ ၁၀၀% ကို ထုတ်ပေးပါသည်။
- ပြင်းထန်ရောဂါ အကာအကွယ် (Critical Illness Protection):
စတင်ဖြစ်ပွားချိန် ပြင်းထန်ရောဂါ (Early-Stage CI): စတင်ဖြစ်ပွားစ အဆင့်တွင် စစ်ဆေးတွေ့ရှိပါက အာမခံထားငွေ၏ ၂၅% အထိ (နှလုံးသွေးကြောကျဉ်းခြင်းအတွက် ၁၀% အထိ) ကြိုတင်ထုတ်ယူ ကုသနိုင်ပါသည်။ (မှတ်ချက် - ကြိုတင်ထုတ်ယူထားသော ပမာဏကို နောက်ဆုံး ရောဂါပြင်းထန်သည့်အချိန်တွင် လျှော့ချတွက်ချက်မည် ဖြစ်ပါသည်။)
ပြင်းထန်ဆိုးရွားသော ရောဂါ (Major CI): သတ်မှတ်ထားသော ပြင်းထန်ရောဂါ သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူရပါက အာမခံထားငွေ၏ ၁၀၀% (ကြိုတင်ထုတ်ယူထားပြီးပါက ကျန်ရှိသော ပမာဏ) ကို တစ်ကြိမ်တည်း ထုတ်ပေးပါသည်။
စျေးနှုန်းသင့်တင့်သော ပရီမီယံကြေး
ငယ်ရွယ်သူ လူငယ်များအတွက် မိမိတို့ရဲ့ ငွေကြေး စီမံခန့်ခွဲမှုကို ထိခိုက်မှုမရှိစေဘဲ စျေးနှုန်းသင့်တင့်သော ပရီမီယံကြေးပေးသွင်းရုံနဲ့ ခိုင်မာတဲ့ အကာအကွယ် တစ်ခုကို ရရှိနိုင်ပါတယ်။
လွယ်ကူရိုးရှင်းသော ကျန်းမာရေးမေးခွန်းများ
လူငယ်များ အဆင်ပြေစေဖို့အတွက် ရှုပ်ထွေးတဲ့ ကျန်းမာရေး ဆေးစစ်ချက်တွေမလိုဘဲ အခြေခံကျန်းမာရေးမေးခွန်းအနည်းငယ်သာ ဖြေဆိုပြီး အကာအကွယ်ကို ရယူနိုင်ပါတယ်။
စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသော ပရီမီယံကြေးပေးသွင်းမှု နည်းလမ်းများ
၆ လ (၁) ကြိမ် သို့မဟုတ် နှစ်စဥ် ပရီမီယံကို ပေးသွင်းနိုင်တာကြောင့် မိမိတို့ရဲ့ နေထိုင်မှုဘဝပုံစံနဲ့ ကိုက်ညီစွာ ရွေးချယ်ပြီး အကာအကွယ်ရယူနိုင်ပါတယ်။
ပြီးပြည့်စုံသော အကာအကွယ်
အသက်အာမခံနဲ့ ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်ကို တစ်ခုတည်းသောအစီအစဉ်အောက်မှာ အပြည့်အဝအကာအကွယ်ရယူပြီး ဘဝမှာ မမျှော်လင့်ထားတဲ့အခက်အခဲများကို အလွယ်တကူဖြတ်ကျော်နိုင်ပါတယ်။
ကမ္ဘာတစ်ဝန်း အကာအကွယ်ရရှိနိုင်ခြင်း
ကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီ၊ ၇ ရက်ပတ်လုံးရရှိနိုင်တဲ့ ဝန်ဆောင်မှုကြောင့် ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို အကာအကွယ်ကို ရရှိနိုင်ပါတယ်။








