Skip to Content


Prudential PRUFlexiprotect Insurance  
ပြောင်းလဲပြင်ဆင်နိုင်သော အသက်အာမခံနှင့် ကျန်းမာရေးအာမခံ


ဤအာမခံအမျိုးအစားသည် Prudential Myanmar မှ ထုတ်လုပ်ထားသည့် ပြောင်းလဲပြင်ဆင်နိုင်သော အသက်အာမခံနှင့် ကျန်းမာရေးအာမခံ အစီအစဉ်တစ်ခု ဖြစ်သည်။ ၎င်းသည် မိသားစု၏ ဘဏ္ဍာရေးလုံခြုံမှုကို မိမိတို့၏ လိုအပ်ချက်နှင့်အညီ ရွေးချယ်ကာကွယ်နိုင်ရန် ဒီဇိုင်းဆွဲထားသည်။


  • အချက်အလက်အသေးစိတ်
    ရွေးချယ်နိုင်သော သက်တမ်းများ၇ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် (သို့) ၂၀ နှစ်
    အများဆုံး ထားရှိနိုင်သည့် အသက်ရွေးချယ်သည့် သက်တမ်းအပေါ် မူတည်၍ အသက် ၅၀ မှ ၆၃ နှစ်အထိ
    အများဆုံး အာမခံသက်တမ်းအသက် ၇၀ နှစ်အထိ
    အခွန်ဆိုင်ရာ အကျိုးခံစားခွင့်ပရီမီယံကြေး ပေးသွင်းမှုများသည် သက်ဆိုင်ရာ ဝင်ငွေခွန်ဥပဒေများနှင့်အညီ နှစ်စဉ် ကိုယ်ပိုင်ဝင်ငွေခွန် လျှော့ပေါ့ခွင့်များ ရရှိနိုင်ပါသည်။

သင် (သို့) သင့်မိသားစုအတွက် လိုအပ်ချိန်တွင် ငွေကြေးအလွယ်တကူရရှိနိုင်ခြင်း။

အာမခံထားရှိသူ အသက်သေဆုံးခြင်းဖြစ်ပေါ်ခဲ့ပါက PRUFlexiprotect ၏ အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူ/များထံ ချက်ချင်းပေးအပ်သွားမည်ဖြစ်သည်။ ယခုအာမခံအကာအကွယ်အား အနည်းဆုံး မြန်မာငွေသိန်း (၃,၀၀၀,၀၀၀) ကျပ် အာမခံထားငွေအဖြစ်ထားရှိပြီး ဝယ်ယူနိုင်ပါသည်။

 

သင့်အတွက် အဆင်ပြေသင့်တော်သည့် ငွေပေးချေမှုပုံစံနှင့် အာမခံထားလိုသည့်ကာလကို ရွေးချယ်နိုင်ခြင်း။

အာမခံကာလကို (၇) နှစ်၊ (၁၀) နှစ်၊ (၁၅) နှစ် သို့မဟုတ် (၂၀) နှစ်အထိ ရွေးချယ်ဝယ်ယူနိုင်ပြီး အသက် (၇၀) နှစ် မတိုင်ခင်အထိ မိမိဝယ်ယူထားသည့် အာမခံကာလသက်တမ်းကုန်ဆုံးတိုင်း ပရီမီယံကြေးပေးသွင်းကာ လွယ်ကူရိုးရှင်းစွာ ပြန်လည်သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ပရီမီယံကြေးကို နှစ်စဉ်၊ တစ်နှစ်နှစ်ခါ၊ သုံးလတစ်ခါ သို့မဟုတ် တစ်လတစ်ခါ ပေးသွင်းနိုင်မည်ဖြစ်ပါသည်။

 

အာမခံကာလ

၇ နှစ်

၁၀ နှစ်

၁၅ နှစ်

၂၀ နှစ်

ငွေပေးသွင်းနိုင်သည့် ကာလ

၇ နှစ်

၁၀ နှစ်

၁၅ နှစ်

၂၀ နှစ်

အာမခံထားနိုင်သည့် အမြင့်ဆုံး အသက်အရွယ် သတ်မှတ်ချက်/သက်တမ်းတိုးနိုင်သည့် အသက်အရွယ်

၆၃ နှစ်

၆၀ နှစ်

၅၅ နှစ်

၅၀ နှစ်

အာမခံထားနိုင်သည့် အမြင့်ဆုံး အသက်အရွယ်

၇၀ နှစ်

၇၀ နှစ်

၇၀ နှစ်

၇၀ နှစ်

မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်

ယခုအကျိုးခံစားခွင့်တွင် ကိုယ်ပိုင်အာမခံနစ်နာကြေးပါဝင်ပြီး အာမခံဝယ်ယူထားသူအနေဖြင့် မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးသွားခဲ့လျှင် နစ်နာကြေးရရှိနိုင်မည်ဖြစ်သည်။


မတော်တဆထိခိုက်မှုအတွက် နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်

အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြင့် သွားလာနေစဉ်အချိန်အတွင်း မတော်တဆထိခိုက်မှုဖြစ်ပေါ်၍ အသက်သေဆုံးခဲ့ပါက ယခုအကျိုးခံစားခွင့်သည် မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်မှရရှိမည့် အာမခံနစ်နာကြေးပမာဏ၏ နှစ်ဆရရှိနိုင်မည်ဖြစ်သည်။ အကျုံးဝင်သော သယ်ယူပို့ဆောင်ရေးနည်းလမ်းများမှာ ကုန်တင်ရထားများ (မြို့ပတ်ရထားများ အပါအဝင်) ၊ ခရီးသည်မှ စီးနင်းကြေးပေးရသော ပုံသေလမ်းကြောင်းများဖြင့် သွားလာနေသည့် ဘက်စ်ကားများ၊ လေကြောင်းလိုင်းများ၊ သင်္ဘောများနှင့် ဖယ်ရီများ အပါအဝင်ဖြစ်သည်။

 

အပြင်းအထန်နာမကျန်းမှုအတွက် အကျိုးခံစားခွင့်

အာမခံဝယ်ယူထားသူအနေဖြင့် ယခုအာမခံအကာအကွယ်အတွက် အကျုံးဝင်သော အပြင်းအထန်နာမကျန်းမှုရောဂါအမျိုးအစားပေါင်း (၂၀) အနက် ရောဂါတစ်မျိုးမျိုးကြောင့် ဆေးကုသမှုခံယူရပါက ဆေးကုသစရိတ်ကို ငွေကြေးထောက်ပံ့ပေးသွားမည့် အကျိုးခံစားခွင့် ပါဝင်ပါသည်။ ရောဂါကုသမှုအစောပိုင်းတွင် ယခုအကျိုးခံစားခွင့်၏ အာမခံထားရှိငွေမှ (၂၅) ရာခိုင်နှုန်းကို ကြိုတင်ပေးအပ်သွားမည်ဖြစ်သည်။ ရောဂါကုသမှုနှောင်းပိုင်းတွင် ယခုအကျိုးခံစားခွင့်၏ အာမခံထားရှိငွေ (၁၀၀) ရာခိုင်နှုန်း သို့မဟုတ် ကုသမှုအစောပိုင်းတွင် နစ်နာကြေးရယူပြီးပါက ကျန်ရှိသည့် (၇၅) ရာခိုင်နှုန်းကို ပေးအပ်သွားမည်ဖြစ်သည်။

 

    အစောပိုင်းအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း

    နောက်ဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း

    ကင်ဆာအစောပိုင်းအဆင့် - ကင်ဆာဆဲလ်စတင်ပျံ့ပွားချိန်နှင့် သတ်မှတ်ထားသော ကိုယ်တွင်းအင်္ဂါများ၏ ကင်ဆာအစောပိုင်းအဆင့်

    ပြင်းထန်သည့် ကင်ဆာရောဂါ

    Defibrillator သို့မဟုတ် နှလုံးခုန်စက် ထည့်ခြင်း

    သတ်မှတ်ထားသော ပြင်းထန်သည့် နှလုံးဖောက်မှု

     နှလုံးသွေးကြောပိတ်ခြင်း

    နှလုံးသွေးကြော လမ်းကြောင်းလွှဲခြင်း

     လည်ပင်းသွေးကြောခွဲစိတ်မှု

    အာရုံကြော ထာ၀စဥ်ထိခိုက်ပြီး လေဖြတ်ခြင်း

    ဦးနှောက်သွေးကြောပေါက်၍ခွဲစိတ်ခြင်း

    အသည်း လုံးဝ ပျက်စီးခြင်း

    အသည်းအစိတ်အပိုင်းကို ဖယ်ရှားခွဲစိတ်ခြင်း

    အဆုတ် လုံးဝ ပျက်စီးသည့် ရောဂါ

    အဆုတ်တစ်ခြမ်း ဖယ်ရှားခွဲစိတ်ခြင်း

    ကျောက်ကပ် ပျက်စီးခြင်း

    ကျောက်ကပ်တစ်ခြမ်းဖယ်ရှားခွဲစိတ်ခြင်း

    သွေးလွှတ်ကြောကို ရင်ဘတ်ဖွင့်ခွဲစိတ်ခြင်း

     သွေးလွှတ်ကြော အသေးစားခွဲစိတ်ခြင်း

    ရင်ခေါင်းဖွင့်၍ ပင်မသွေးလွှတ်ကြော ခွဲစိတ်ခြင်း

     အူသိမ်အူမ အစားထိုးခွဲစိတ်ခြင်း

    အဓိက အင်္ဂါများ အစားထိုး ကုသခြင်း

 

ယခုအာမခံအကာအကွယ်အတွက် ပရီမီယံကြေးများပေးဆောင်ရာတွင် အခွန်ငွေသက်သာခွင့် ရရှိနိုင်မည်ဖြစ်သည်။  နှစ်စဉ်ဝင်ငွေခွန်ကို လျှော့ချပေးနိုင်ပြီး သင့်ပေးဆောင်ရမည့် ပရီမီယံကြေးပမာဏကိုလည်း သက်သာစေနိုင်မည်ဖြစ်သည်။ ပရူဒန်ရှယ်အာမခံ၏ PRUTax Calculator သည်  သင်ရယူနိုင်မည့် ဝင်ငွေခွန်နှုတ်ယူမှုပမာဏ၏ ခန့်မှန်းခြေကို တွက်ချက်ပေးသွားမည်ဖြစ်သည်။ နှစ်စဉ်ဝင်ငွေခွန်နှုတ်ယူခြင်းဖြင့် အာမခံပရီမီယံကြေး ပေးသွင်းခြင်းကို လျှောက်ထားနိုင်ရန်အတွက် ကျွန်တော်နှင့်တိုင်ပင်ဆွေးနွေးလိုက်ပါ



တစ်ခြားသော အာမခံဝန်ဆောင်မှု့များ

အခုပဲဆက်သွယ်လိုက်ပါခင်ဗျာ

သင်နဲ့သင့်ရဲ့မိသားစု လုံခြုံအေးချမ်းစေဖို့ ကျွန်တော်ကူညီပါရစေ

Describe your field here.