Skip to Content


Prudential PRUFlexiprotect PLUS Insurance  
အသက်အာမခံနှင့် ငွေကြေးဆိုင်ရာ အကာအကွယ် အာမခံ


ဤအာမခံအမျိုးအစားသည် အသက်အာမခံနှင့် ငွေကြေးဆိုင်ရာ အကာအကွယ်ပေးသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ၎င်းကို ရေရှည်အသက်အာမခံ အကာအကွယ်နှင့် အချိန်ကြာလာသည်နှင့်အမျှ ငွေကြေးစုဆောင်းမှု / ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်များကို ပေါင်းစပ်လိုသူများအတွက် ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်ပါသည်။

အသက်အကန့်အသတ်:

အာမခံသက်တမ်း (Coverage & Payment Term):

မိမိဆန္ဒအလျောက် (၁၀) နှစ်၊ (၁၅) နှစ် သို့မဟုတ် (၂၀) နှစ် စသည့် သက်တမ်းများကို ရွေးချယ်နိုင်ပါသည်။

အနည်းဆုံး အာမခံထားငွေ (Minimum Sum Assured):

အနည်းဆုံး မြန်မာငွေ (၃,၀၀၀,၀၀၀) ကျပ် မှ စတင်ကာ ဝယ်ယူနိုင်ပါသည်။

ပရီမီယံကြေး ပေးသွင်းနိုင်သည့် ပုံစံများ:

အာမခံထားရှိနိုင်သည့် အသက်အရွယ်မှာ ပုံမှန်အားဖြင့် (၁၈) နှစ်မှ အများဆုံး (၅၅) နှစ် သို့မဟုတ် (၆၅) နှစ် အထိ သတ်မှတ်ထားသည်။

နှစ်စဉ်၊ တစ်နှစ် နှစ်ခါ (Semi-Annually)၊ သုံးလ တစ်ခါ (Quarterly) သို့မဟုတ် တစ်လ တစ်ခါ (Monthly) စသည်ဖြင့် မိမိနှင့် သင့်တော်မည့် ငွေပေးချေမှုစနစ်ကို ရွေးချယ်နိုင်ပါသည်။


သင် (သို့) သင့်မိသားစုအတွက် လိုအပ်ချိန်တွင် ငွေကြေးအလွယ်တကူရရှိနိုင်ခြင်း။

အာမခံထားရှိသူ အသက်သေဆုံးခြင်းဖြစ်ပေါ်ခဲ့ပါက PRUFlexiprotect ၏ အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူ/များထံ ချက်ချင်းပေးအပ်သွားမည်ဖြစ်သည်။ ယခုအာမခံအကာအကွယ်အား အနည်းဆုံး မြန်မာငွေသိန်း (၃,၀၀၀,၀၀၀) ကျပ် အာမခံထားငွေအဖြစ်ထားရှိပြီး ဝယ်ယူနိုင်ပါသည်။

 

သင့်အတွက် အဆင်ပြေသင့်တော်သည့် ငွေပေးချေမှုပုံစံနှင့် အာမခံထားလိုသည့်ကာလကို ရွေးချယ်နိုင်ခြင်း။

အာမခံကာလကို (၇) နှစ်၊ (၁၀) နှစ်၊ (၁၅) နှစ် သို့မဟုတ် (၂၀) နှစ်အထိ ရွေးချယ်ဝယ်ယူနိုင်ပြီး အသက် (၇၀) နှစ် မတိုင်ခင်အထိ မိမိဝယ်ယူထားသည့် အာမခံကာလသက်တမ်းကုန်ဆုံးတိုင်း ပရီမီယံကြေးပေးသွင်းကာ လွယ်ကူရိုးရှင်းစွာ ပြန်လည်သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ပရီမီယံကြေးကို နှစ်စဉ်၊ တစ်နှစ်နှစ်ခါ၊ သုံးလတစ်ခါ သို့မဟုတ် တစ်လတစ်ခါ ပေးသွင်းနိုင်မည်ဖြစ်ပါသည်။

 

အာမခံကာလ

၁၀ နှစ်

၁၅ နှစ်

၂၀ နှစ်

ငွေပေးသွင်းနိုင်သည့် ကာလ

၁၀ နှစ်

၁၅ နှစ်

၂၀ နှစ်

အာမခံထားနိုင်သည့် အမြင့်ဆုံး အသက်အရွယ် သတ်မှတ်ချက်/သက်တမ်းတိုးနိုင်သည့် အသက်အရွယ်

၅၅ နှစ်

၅၀ နှစ်

၄၅ နှစ်

အာမခံထားနိုင်သည့် အမြင့်ဆုံး အသက်အရွယ်

၆၅ နှစ်

၆၅ နှစ်

၆၅ နှစ်

 

သင်ပေးသွင်းထားတဲ့ ပေးသွင်းငွေတွေအပြင် တခြားအကျိုးခံစားခွင့်တွေကိုပါ ရယူလိုက်ပါ။

 

အာမခံကာလပြီးဆုံးတိုင်း သင်ပေးသွင်းထားသည့် ပမာဏ၏ ၁၀၃ ရာခိုင်နှုန်းနှင့် ညီမျှသောပမာဏကို ပေါ်လစီသက်တမ်းကုန်ချိန်၌ အကျိုးခံစားခွင့်အဖြစ် ရရှိနိုင်မည်ဖြစ်သည်။ ထိုပမာဏတွင် အခြေခံအစီအစဉ်အတွက် ပရီမီယံကြေးပေးသွင်းမှုနှင့် ထပ်ဆောင်းအကျိုးခံစားခွင့် (ရှိပါက) ပါဝင်မည်ဖြစ်သည်။


မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်

ယခုအကျိုးခံစားခွင့်တွင် ကိုယ်ပိုင်အာမခံနစ်နာကြေးပါဝင်ပြီး အာမခံဝယ်ယူထားသူအနေဖြင့် မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးသွားခဲ့လျှင် နစ်နာကြေးရရှိနိုင်မည်ဖြစ်သည်။

 

မတော်တဆသေဆုံးမှုအတွက် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်

အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြင့် သွားလာနေစဉ်အချိန်အတွင်း မတော်တဆထိခိုက်မှုဖြစ်ပေါ်၍ အသက်သေဆုံးခဲ့ပါက ယခုအကျိုးခံစားခွင့်သည် မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်မှရရှိမည့် အာမခံနစ်နာကြေးပမာဏ၏ နှစ်ဆရရှိနိုင်မည်ဖြစ်သည်။ အကျုံးဝင်သော သယ်ယူပို့ဆောင်ရေးနည်းလမ်းများမှာ ကုန်တင်ရထားများ (မြို့ပတ်ရထားများ အပါအဝင်) ၊ ခရီးသည်မှ စီးနင်းကြေးပေးရသော ပုံသေလမ်းကြောင်းများဖြင့် သွားလာနေသည့် ဘက်စ်ကားများ၊ လေကြောင်းလိုင်းများ၊ သင်္ဘောများနှင့် ဖယ်ရီများ အပါအဝင်ဖြစ်သည်။

 

အပြင်းအထန်နာမကျန်းမှုဖြစ်ပေါ်ပါက ရရှိနိုင်မည့် အကျိုးခံစားခွင့်

အာမခံဝယ်ယူထားသူအနေဖြင့် ယခုအာမခံအကာအကွယ်အတွက် အကျုံးဝင်သော အပြင်းအထန်နာမကျန်းမှုရောဂါအမျိုးအစားပေါင်း (၂၀) အနက် ရောဂါတစ်မျိုးမျိုးကြောင့် ဆေးကုသမှုခံယူရပါက ဆေးကုသစရိတ်ကို ငွေကြေးထောက်ပံ့ပေးသွားမည့် အကျိုးခံစားခွင့် ပါဝင်ပါသည်။ ရောဂါကုသမှုအစောပိုင်းတွင် ယခုအကျိုးခံစားခွင့်၏ အာမခံထားရှိငွေမှ (၂၅) ရာခိုင်နှုန်းကို ကြိုတင်ပေးအပ်သွားမည်ဖြစ်သည်။ ရောဂါကုသမှုနှောင်းပိုင်းတွင် ယခုအကျိုးခံစားခွင့်၏ အာမခံထားရှိငွေ (၁၀၀) ရာခိုင်နှုန်း သို့မဟုတ် ကုသမှုအစောပိုင်းတွင် နစ်နာကြေးရယူပြီးပါက ကျန်ရှိသည့် (၇၅) ရာခိုင်နှုန်းကို ပေးအပ်သွားမည်ဖြစ်သည်။

 

အစောပိုင်းအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း

နောက်ဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း

ကင်ဆာအစောပိုင်းအဆင့် - ကင်ဆာဆဲလ်စတင်ပျံ့ပွားချိန်နှင့် သတ်မှတ်ထားသော ကိုယ်တွင်းအင်္ဂါများ၏ ကင်ဆာအစောပိုင်းအဆင့်

ပြင်းထန်သည့် ကင်ဆာရောဂါ

Defibrillator သို့မဟုတ် နှလုံးခုန်စက် ထည့်ခြင်း

သတ်မှတ်ထားသော ပြင်းထန်သည့် နှလုံးဖောက်မှု

 နှလုံးသွေးကြောပိတ်ခြင်းနှလုံးသွေးကြော လမ်းကြောင်းလွှဲခြင်း
 လည်ပင်းသွေးကြောခွဲစိတ်မှုအာရုံကြော ထာ၀စဥ်ထိခိုက်ပြီး လေဖြတ်ခြင်း
ဦးနှောက်သွေးကြောပေါက်၍ခွဲစိတ်ခြင်းအသည်း လုံးဝ ပျက်စီးခြင်း
အသည်းအစိတ်အပိုင်းကို ဖယ်ရှားခွဲစိတ်ခြင်းအဆုတ် လုံးဝ ပျက်စီးသည့် ရောဂါ
အဆုတ်တစ်ခြမ်း ဖယ်ရှားခွဲစိတ်ခြင်းကျောက်ကပ် ပျက်စီးခြင်း
ကျောက်ကပ်တစ်ခြမ်းဖယ်ရှားခွဲစိတ်ခြင်းသွေးလွှတ်ကြောကို ရင်ဘတ်ဖွင့်ခွဲစိတ်ခြင်း
 သွေးလွှတ်ကြော အသေးစားခွဲစိတ်ခြင်းရင်ခေါင်းဖွင့်၍ ပင်မသွေးလွှတ်ကြော ခွဲစိတ်ခြင်း
 အူသိမ်အူမ အစားထိုးခွဲစိတ်ခြင်းအဓိက အင်္ဂါများ အစားထိုး ကုသခြင်း

 

မှတ်ချက် - အထက်ပါရောဂါများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြည့်ပြည့်စုံစုံ သိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ အရောင်းကိုယ်စားလှယ်များအား မေးမြန်းနိုင်ပါသည်။


ယခုအာမခံအကာအကွယ်အတွက် ပရီမီယံကြေးများပေးဆောင်ရာတွင် အခွန်ငွေသက်သာခွင့် ရရှိနိုင်မည်ဖြစ်သည်။  နှစ်စဉ်ဝင်ငွေခွန်ကို လျှော့ချပေးနိုင်ပြီး သင့်ပေးဆောင်ရမည့် ပရီမီယံကြေးပမာဏကိုလည်း သက်သာစေနိုင်မည်ဖြစ်သည်။ ပရူဒန်ရှယ်အာမခံ၏ PRUTax Calculator သည်  သင်ရယူနိုင်မည့် ဝင်ငွေခွန်နှုတ်ယူမှုပမာဏ၏ ခန့်မှန်းခြေကို တွက်ချက်ပေးသွားမည်ဖြစ်သည်။ နှစ်စဉ်ဝင်ငွေခွန်နှုတ်ယူခြင်းဖြင့် အာမခံပရီမီယံကြေး ပေးသွင်းခြင်းကို လျှောက်ထားနိုင်ရန်အတွက် ကျွန်တော်နှင့်တိုင်ပင်ဆွေးနွေးလိုက်ပါ



တစ်ခြားသော အာမခံဝန်ဆောင်မှု့များ

အခုပဲဆက်သွယ်လိုက်ပါခင်ဗျာ

သင်နဲ့သင့်ရဲ့မိသားစု လုံခြုံအေးချမ်းစေဖို့ ကျွန်တော်ကူညီပါရစေ

Describe your field here.